လမ်းလျှောက်ခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှားမှုကပင် မှတ်ညဏ် တိုးပွားစေသည်

View previous topic View next topic Go down

လမ်းလျှောက်ခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှားမှုကပင် မှတ်ညဏ် တိုးပွားစေသည်

Post  kswems on Mon Feb 07, 2011 9:08 pm

လမ်းလျှောက်ခြင်းသည် မှတ်ဉာဏ် အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်။

မိနစ် ၄၀ ခန့် လမ်းလျှောက်ခြင်းအား ရက်သတ္တပတ် ၁ ပတ်လျှင် အကြိမ် အနည်းငယ် ပြုလုပ်ပေးခြင်းဖြင့် မှတ်ညဏ် ကောင်းစေခြင်းနှင့် အိုမင်းလာသော ဦးနှောက်အား အခြေအနေ ပိုဆိုးမသွားစေရန် ထိန်းထားနိုင်သည်ဟု သုတေသန တစ်ခုမှ တွေ့ရှိသည်။

သုတေသနတွင် စမ်းသပ်ခံအဖြစ် ပါဝင်သူ ၁၂၀ သည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်ယုံမျှဖြင့် မှတ်ညဏ် အလုပ်လုပ်သည့် ဦးနှောက်၏ အစိတ်အပိုင်း “ဟစ်ပိုကမ်းပါ့စ်” (Hippocampus)၏ အရွယ်အစားအား အနည်းငယ် တိုးလာစေသည်။

“ဟစ်ပိုကမ်းပါ့စ်” (Hippocampus)

၎င်းတစ်နှစ်ကြာ စမ်းသပ်မှုတွင် မှတ်ဉာဏ်အား စမ်းသပ်သော (Memory Test)များတွင်လည်း လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာသည်ဟု အမေရိကန် ပြည်ထောင်စုတွင် ၁၉၁၅ ခုနှစ်မှစတင်၍ ထုတ်ဝေသော Proceedings of the National Academy of Sciences စာစောင်တွင် ဖော်ပြထားသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင်းခန်း ပြုလုပ်ခြင်းသည် ဦးနှောက် တဖြည်းဖြည်း ယိုယွင်းလာသော ရောဂါ (dementia) အပြင် အသက်အရွယ် ကြီးလာ၍ မှတ်ဉာဏ်အား နည်းသွားခြင်းကိုလဲ ထိန်းထားနိုင်သည်။

အကြိုဇရာ ရောဂါဟုလည်း ခေါ်သော ဦးနှောက်ပုံမှန် အလုပ်မလုပ် နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ပီသစွာ စကားမပြောနိုင်တော့ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်သည့် Alzheimer's Disease ဖြစ်သူများအား သုတေသနလုပ်ခြင်း မဟုတ်ပဲ ယခုနောက်ဆုံး စမ်းသပ်ချက်မှာ ကျန်းမာသော အသက် ၆၀ ကျော် လူများအား စမ်းသပ်ခြင်း ဖြစ်သည်။ ယခု တွေ့ရှိချက်မှာ သက်ကြီးရွယ်အိုများ ရာနှုန်းများပြား လာသည့် ယခုခေတ် လူ့အဖွဲ့အစည်းများအတွက် အရေးပါသော အချက်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ပစ်ထ်စဘာ့ တက္ကသိုလ် (University of Pittsburgh) မှ ပါမောက္ခ ကာ့ခ် အဲရစ်ခ်ဆင် (Professor Kirk Erickson) နှင့် လုပ်ဖော်ကိုင်ဖက်များသည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ အသင့်အတင့် ပြုလုပ်ခြင်း၏ မှတ်ဉာဏ် အပေါ် အကျိုးသက်ရောက်မှုအား စူးစမ်းရှာဖွေခဲ့ကြသည်။ တစ်နှစ်ကြာ လေ့လာမှုတွင် စမ်းသပ်ခံ ပုဂ္ဂိုလ် ၁၂၀ အား အုပ်စု နှစ်စုခွဲပြီး၊ အုပ်စု တစ်စုအား တစ်ပတ်လျှင် ၃ ရက် နှုန်း မိနစ် ၄၀ လမ်းလျှောက်စေသည်။ ကျန်တစ်ဖွဲ့အား အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်စေသည်။

နှစ်ဝက်တွင် ဦးနှောက်အား စက်ဖြင့် စမ်းသပ်ခြင်း (brain scan) နှင့် မှတ်ဉာဏ် စစ်ဆေးသော (Memory Test) များ ပြုလုပ်ပြီး တစ်နှစ်ပြည့်၍ လေ့လာစမ်းသပ်မှု အပြီးတွင် တစ်ခါထပ်မံ စစ်ဆေးသည်။ ဦးနှောက်အား စက်ဖြင့်စစ်ဆေးသော (brain scan) တွင် လမ်းလျှောက်သော အဖွဲ့တွင် ဦးနှောက်အစိတ်အပိုင်း “ဟစ်ပိုကမ်းပါ့စ်” (Hippocampus) သည် ၂ % အရွယ် ကြီးလာပြီး၊ အကြောလျှော့သူများတွင် အရွယ် ၁.၄% လျှော့ကျသွားသည်။

ပုံမှန်အားဖြင့် လူများသည် အသက်ကြီးလာသောအခါ ထိုနှုန်းထားအတိုင်း “ဟစ်ပိုကမ်းပါ့စ်” (Hippocampus) အရွယ်အစား သေးသွားသည်။ အုပ်စုနှစ်ခုစလုံး မှတ်ဉာဏ်စမ်းသပ်ခြင်း (Memory Test)တွင် တိုးတက်မှု ရှိသည်။ လမ်းလျှောက်သော အဖွဲ့တွင် “ဟစ်ပိုကမ်းပါ့စ်” (Hippocampus) ကြီးထွားနှုန်းနှင့် မှတ်ဉာဏ်စမ်းသပ်ခြင်းတွင် အမှတ်ပိုရလာမှုတို့ ဆက်စပ်ပုံပေါ်သည်။

ဇရာရောဂါအား သုတေသနပြုလုပ်သည့် Alzheimer's Research Trust မှ ဒေါက်တာ ဆိုင်မွန် ရစ်ဒလေ (Dr Simon Ridley) က ပြောကြားရာတွင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ဇရာရောဂါများ ဖြစ်ပွားနိုင်ခြေအား လျော့ကျစေရုံ သာမက အခြား ကျန်းမာရေး အကျိုးအမြတ်များ ပါရသည်။

kswems

Posts : 50
Join date : 2011-02-03

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum