ဒုတိယနေတစ်စင်း တွေ့မြင်ရမည်ဆိုခြင်းမှာ လုံးဝမဟုတ်ကြောင်း မြန်မာနက္ခတ်ပညာရှင် တစ်ဦးဆို

View previous topic View next topic Go down

ဒုတိယနေတစ်စင်း တွေ့မြင်ရမည်ဆိုခြင်းမှာ လုံးဝမဟုတ်ကြောင်း မြန်မာနက္ခတ်ပညာရှင် တစ်ဦးဆို

Post  kswems on Fri Feb 04, 2011 1:20 am

ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၂ ခုနှစ်အတွင်း စကြ၀ဠာအတွင်း ဧရာမကြယ်ကြီးတစ်စင်း ပေါက်ကွဲမှုကြောင့် ကောင်းကင်ယံတွင် ဒုတိယမြောက် နေတစ်စင်းတွေ့မြင်နိုင်မည်ဆိုသော သတင်းမှာ လုံးဝဖြစ်နိုင်ခြေမရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ အတိအလင်း ငြင်းဆိုပြောကြားလိုက်သည်။
သက်တမ်းကုန်ဆုံးတော့မည့် ကြယ်ကြီးတစ်စင်းပေါက်ကွဲမှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကောင်းကင်၌ ဒုတိယနေတစ် စင်းတွေ့မြင်နိုင်ဖွယ်ရှိသည်ဟူသော သတင်းအား သိပ္ပံပညာရှင်များအကြား အငြင်းပွားနေကြသည်။
ယင်းသတင်းမှာ ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ်သတင်းတစ်ရပ်၊ ဖောက်စ်နယူးစ်၊ သြစတြေးလျသတင်းဝက်ဘ် ဆိုက် News.conau တို့နှင့် နယူးဂျာဆီ နည်းပညာအင်စတီကျူဒ်မှ ပါမောက္ခတစ်ဦးအပြင် သြစတြေးလျနိုင်ငံ တက္ကသိုလ် တစ်ခုမှ အကြီးတန်းရူပဗေဒကထိကတစ်ဦးတို့က ပြောကြားဖော်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော ကြယ်ကြီးမှာ Orion Constel Lation၊ အနောက်တိုင်းအခေါ် မုဆိုးကြယ်တာရာစု၊ အရှေ့ တိုင်းအခေါ် လိပ်ကြယ်တာရာစုအတွင်းမှ Betelgeuse ခေါ် ဧရာမကြယ်ကြီးတစ်လုံးဖြစ်ကြောင်း ၄င်းကြယ်ကို နက္ခတ်ပညာရပ်အရ အဒြဟု ခေါ်ဝေါ်ပြီး နက္ခတ် ၂၇လုံးအနက် ခြောက်လုံးမြောက် ကြယ်စုဖြစ်ကြောင်း မြန်မာ နိုင်ငံရှိ နက္ခတ်သိပ္ပံအဖွဲ့ကပြောသည်။
အဲဒီ မုဆိုးကြယ်စုထဲမှာ အတောက်ပဆုံး ကြယ်နှစ်လုံးရှိတယ်။ ဒီအဒြကြယ်က မုဆိုးကြယ်စုကြီးရဲ့ လက်ယာဘက် ချိုင်းအောက်ကကြယ်အဖြစ် သတ်မှတ်ပါတယ်။ အလွန်ကြီးမားလွန်းလို့ ကြယ်ဘီလူးလို့လည်း ခေါ်ဝေါ်တယ်။ နက္ခတ်ပညာရပ် ရဲ့ အဒြကြယ်ဖြစ်တဲ့အတွက် လတ်တလော မပေါက်ကွဲနိုင်ပါဘူး။ ပေါက်ကွဲခဲ့ရင်တောင် နက္ခတ်ပညာဟောကိန်းတွေကို ပြောင်းပစ်ရမယ့် ဥပဒေသတွေရှိလာမှာပဲဟု နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဦးဇေယျာကိုကပြောသည်။
အဒြကြယ်ခေါ် Betelgeuse ကြယ်အိုကြီးမှာ ကမ္ဘာနှင့်နီးသော နေမင်းထက်အဆ ၄၀၀ခန့် ပိုရှည်လျားပြီး အဆ ၃၆၀၀ ခန့် ပိုတောက်ပကာ အရောင်အားဖြင့် အနီရောင်သမ်းနေသော အသွင်မြင်တွေ့ရသည်။ ကမ္ဘာမြေနှင့် အလင်းနှစ် ၄၂၇ ဒသမ ၅အကွာအဝေးတွင် တည်ရှိနေကာ မြောက်လတ္တီတွဒ် ၀၇ဒီဂရီ ၂၄မိနစ်နှင့် မေထုတ်ရာသီခွင် ၄ဒီဂရီ ၅၃ မိနစ်တွင် ရပ် လျက်ရှိကြောင်း သိရသည်။
နေနှစ်စင်းအသွင် မြင်တွေ့ရမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်လို့ ပေါက်ကွဲခဲ့ရင်တောင်မှ နေမင်းရဲ့ အလင်း အားကိုကျော်ပြီး ဘယ်လိုကြယ်နက္ခတ်မှ တောက်ပစရာအကြောင်း မရှိဘူး။ ညဘက်မှာဆိုရင်လည်း ကြယ်မှာ အလင်းရောင် ပေါ်လာပြီး တဖြည်းဖြည်းပြန်မှိန်သွားတာမျိုးပဲ ဖြစ်နိုင်မှာပါဟု ဦးဇေယျာကိုက ဆက်ပြောသည်။
နက္ခတ်ပညာရပ်သမိုင်းတွင် စကြ၀ဠာအတွင်းရှိ ကြယ်များသည် ပေါက်ကွဲတတ်သော ဖြစ်စဉ်ရှိပြီး အသစ်တစ်ဖန် ပြန် ပေါ်လာသော ဖြစ်စဉ်လည်းရှိကြောင်း ရှေးပညာရှင်များက သတ်မှတ်ခဲ့ကြကြောင်း သိရသည်။ ကြယ်တစ်လုံး၏ သက်တမ်း သည် ပျမ်းမျှနှစ်သန်းပေါင်း ၁၀ မှ ၂၀အတွင်း တည်ရှိပြီး အချို့ ကြယ်များဆိုလျှင် နှစ်သန်းထောင်ပေါင်းများစွာ ရပ်တည်ရှည် ကြာနိုင်ကြကာ နက္ခတ်ပညာရှင်များက ကြယ်များသည် ကြီးမားသောဓာတ်ငွေ့တိမ်တိုက်များမှတစ်ဆင့် ဖြစ်ပေါ်လာကြ ကြောင်း အခိုင်အမာယူဆထားသည်ဟု သိရသည်။
နက္ခတ် ၂၇လုံး၏ ၆လုံးမြောက်ကြယ်ကြီး Betelgeuse (အဒြကြယ်) အနေဖြင့် အကယ်၍သာ ပေါက်ကွဲခဲ့မည်ဆိုပါ ကလည်း ကမ္ဘာမြေနှင့် အလင်းနှစ် ၄၂၇ ဒသမ ၅ ကွာဝေးသည့်အတွက် ကမ္ဘာမြေကြီးနှင့် လူသားများအပေါ် မည်သည့်အကျိုး သက်ရောက်မှုမျှ မဖြစ်ပေါ်နိုင်ကြောင်း ဦးဇေယျာကိုကဆိုသည်။

kswems

Posts : 50
Join date : 2011-02-03

View user profile

Back to top Go down

Re: ဒုတိယနေတစ်စင်း တွေ့မြင်ရမည်ဆိုခြင်းမှာ လုံးဝမဟုတ်ကြောင်း မြန်မာနက္ခတ်ပညာရှင် တစ်ဦးဆို

Post  kswems on Fri Feb 04, 2011 1:21 am

kswems wrote:ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၂ ခုနှစ်အတွင်း စကြ၀ဠာအတွင်း ဧရာမကြယ်ကြီးတစ်စင်း ပေါက်ကွဲမှုကြောင့် ကောင်းကင်ယံတွင် ဒုတိယမြောက် နေတစ်စင်းတွေ့မြင်နိုင်မည်ဆိုသော သတင်းမှာ လုံးဝဖြစ်နိုင်ခြေမရှိကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ အတိအလင်း ငြင်းဆိုပြောကြားလိုက်သည်။
သက်တမ်းကုန်ဆုံးတော့မည့် ကြယ်ကြီးတစ်စင်းပေါက်ကွဲမှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကောင်းကင်၌ ဒုတိယနေတစ် စင်းတွေ့မြင်နိုင်ဖွယ်ရှိသည်ဟူသော သတင်းအား သိပ္ပံပညာရှင်များအကြား အငြင်းပွားနေကြသည်။
ယင်းသတင်းမှာ ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ်သတင်းတစ်ရပ်၊ ဖောက်စ်နယူးစ်၊ သြစတြေးလျသတင်းဝက်ဘ် ဆိုက် News.conau တို့နှင့် နယူးဂျာဆီ နည်းပညာအင်စတီကျူဒ်မှ ပါမောက္ခတစ်ဦးအပြင် သြစတြေးလျနိုင်ငံ တက္ကသိုလ် တစ်ခုမှ အကြီးတန်းရူပဗေဒကထိကတစ်ဦးတို့က ပြောကြားဖော်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော ကြယ်ကြီးမှာ Orion Constel Lation၊ အနောက်တိုင်းအခေါ် မုဆိုးကြယ်တာရာစု၊ အရှေ့ တိုင်းအခေါ် လိပ်ကြယ်တာရာစုအတွင်းမှ Betelgeuse ခေါ် ဧရာမကြယ်ကြီးတစ်လုံးဖြစ်ကြောင်း ၄င်းကြယ်ကို နက္ခတ်ပညာရပ်အရ အဒြဟု ခေါ်ဝေါ်ပြီး နက္ခတ် ၂၇လုံးအနက် ခြောက်လုံးမြောက် ကြယ်စုဖြစ်ကြောင်း မြန်မာ နိုင်ငံရှိ နက္ခတ်သိပ္ပံအဖွဲ့ကပြောသည်။
အဲဒီ မုဆိုးကြယ်စုထဲမှာ အတောက်ပဆုံး ကြယ်နှစ်လုံးရှိတယ်။ ဒီအဒြကြယ်က မုဆိုးကြယ်စုကြီးရဲ့ လက်ယာဘက် ချိုင်းအောက်ကကြယ်အဖြစ် သတ်မှတ်ပါတယ်။ အလွန်ကြီးမားလွန်းလို့ ကြယ်ဘီလူးလို့လည်း ခေါ်ဝေါ်တယ်။ နက္ခတ်ပညာရပ် ရဲ့ အဒြကြယ်ဖြစ်တဲ့အတွက် လတ်တလော မပေါက်ကွဲနိုင်ပါဘူး။ ပေါက်ကွဲခဲ့ရင်တောင် နက္ခတ်ပညာဟောကိန်းတွေကို ပြောင်းပစ်ရမယ့် ဥပဒေသတွေရှိလာမှာပဲဟု နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဦးဇေယျာကိုကပြောသည်။
အဒြကြယ်ခေါ် Betelgeuse ကြယ်အိုကြီးမှာ ကမ္ဘာနှင့်နီးသော နေမင်းထက်အဆ ၄၀၀ခန့် ပိုရှည်လျားပြီး အဆ ၃၆၀၀ ခန့် ပိုတောက်ပကာ အရောင်အားဖြင့် အနီရောင်သမ်းနေသော အသွင်မြင်တွေ့ရသည်။ ကမ္ဘာမြေနှင့် အလင်းနှစ် ၄၂၇ ဒသမ ၅အကွာအဝေးတွင် တည်ရှိနေကာ မြောက်လတ္တီတွဒ် ၀၇ဒီဂရီ ၂၄မိနစ်နှင့် မေထုတ်ရာသီခွင် ၄ဒီဂရီ ၅၃ မိနစ်တွင် ရပ် လျက်ရှိကြောင်း သိရသည်။
နေနှစ်စင်းအသွင် မြင်တွေ့ရမယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ တကယ်လို့ ပေါက်ကွဲခဲ့ရင်တောင်မှ နေမင်းရဲ့ အလင်း အားကိုကျော်ပြီး ဘယ်လိုကြယ်နက္ခတ်မှ တောက်ပစရာအကြောင်း မရှိဘူး။ ညဘက်မှာဆိုရင်လည်း ကြယ်မှာ အလင်းရောင် ပေါ်လာပြီး တဖြည်းဖြည်းပြန်မှိန်သွားတာမျိုးပဲ ဖြစ်နိုင်မှာပါဟု ဦးဇေယျာကိုက ဆက်ပြောသည်။
နက္ခတ်ပညာရပ်သမိုင်းတွင် စကြ၀ဠာအတွင်းရှိ ကြယ်များသည် ပေါက်ကွဲတတ်သော ဖြစ်စဉ်ရှိပြီး အသစ်တစ်ဖန် ပြန် ပေါ်လာသော ဖြစ်စဉ်လည်းရှိကြောင်း ရှေးပညာရှင်များက သတ်မှတ်ခဲ့ကြကြောင်း သိရသည်။ ကြယ်တစ်လုံး၏ သက်တမ်း သည် ပျမ်းမျှနှစ်သန်းပေါင်း ၁၀ မှ ၂၀အတွင်း တည်ရှိပြီး အချို့ ကြယ်များဆိုလျှင် နှစ်သန်းထောင်ပေါင်းများစွာ ရပ်တည်ရှည် ကြာနိုင်ကြကာ နက္ခတ်ပညာရှင်များက ကြယ်များသည် ကြီးမားသောဓာတ်ငွေ့တိမ်တိုက်များမှတစ်ဆင့် ဖြစ်ပေါ်လာကြ ကြောင်း အခိုင်အမာယူဆထားသည်ဟု သိရသည်။
နက္ခတ် ၂၇လုံး၏ ၆လုံးမြောက်ကြယ်ကြီး Betelgeuse (အဒြကြယ်) အနေဖြင့် အကယ်၍သာ ပေါက်ကွဲခဲ့မည်ဆိုပါ ကလည်း ကမ္ဘာမြေနှင့် အလင်းနှစ် ၄၂၇ ဒသမ ၅ ကွာဝေးသည့်အတွက် ကမ္ဘာမြေကြီးနှင့် လူသားများအပေါ် မည်သည့်အကျိုး သက်ရောက်မှုမျှ မဖြစ်ပေါ်နိုင်ကြောင်း ဦးဇေယျာကိုကဆိုသည်။

kswems

Posts : 50
Join date : 2011-02-03

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum